|
နှိုးဆော်တိုက်တွန်းချက်
|
|
Written by မျိုးချစ်
|
|
Thursday, 18 March 2010 09:04 |
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအမှတ်(၂/၂၀၁၀)အရ ရက်ပေါင်း ၆၀ (၂)လအတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ရတော့မယ်။ မှတ်ပုံတင်စာရင်းသွင်းမယ်ဆိုရင် ထောင်ကျနေတဲ့ အန်တီစုအပါ အ၀င် အခြားပါတီဝင်အချို့ကို ပါတီကထုတ်ပယ်ရတော့မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာစာတမ်းလည်း အလိုအလျောက်ပျက်ပြယ်သွားပြီ၊ သို့သော် ကျွန်တော်တို့ပါတီလူကြီး များက ရွှေဂုံတိုင်ကြေညာစာတမ်းသည် ရာဇသံမဟုတ်၊ စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာအောင် ထောင်ကျအကျဉ်းသားပါတီဝင်များ လွတ်လာစေဘို့ ဖိအားပေးတဲ့အနေနဲ့ လုပ်တာပါ၊ ဒီရွှေဂုံတိုင်ကြေညာစာတမ်းကို အလျှော့အတင်းလုပ်ပြီး ကစားဖို့လုပ်တာပါလို့လည်း ပြောဆိုကြတော့ ရွေးကောက်ပွဲဝင်မှာလား၊ ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘူးဆိုပြီး မှတ်ပုံမတင်ဘဲနေရင်လည်း ကျွန်တော်တို့ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော တရားမ၀င်ပါတီအဖြစ် သတ်မှတ်ခံရအုံးမယ်။ မှတ်ပုံတင်ပြီး ရွှေဂုံတိုင်စာတမ်းကို ကိုင်ဆွဲပြီး ရွေးကောက်ပွဲဝင်မပြိုင်ရင်လည်း အခြားပါတီများက ထောက်ခံမဲတွေရသွား လိမ့်မယ်၊ မှတ်ပုံတင်ရင်လည်း အန်တီစုကိုထုတ်ပယ်ရအုံးမယ်၊ အန်တီစုပါတီမဟုတ်တော့ရင် ကျွန်တော်တို့ ပါတီကို ပြည်ပနိုင်ငံတွေ အမေရိကန်နှင့် အီးယူ၊ သြစတြေးလျ၊ ဂျပန်တို့က ပံ့ပိုးကူညီကြဦးမှာလား၊ ပြည်တွင်းကပြည်သူတွေကရော ထောက်ခံကြမှာလား၊ ပြည်ပကမထောက်ပံ့ရင် ကျွန်တော်တို့ပါတီရဲ့ စည်းရုံးရေး၊ လူမှုရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ပါဦးမလား၊ တစ်ခုစဉ်းစားမိတာက အန်တီစု ထောင်ဒဏ်ချမှတ်ခံရတာ (၁)နှစ်(၆)လဆိုတော့ ထောင်ကလွတ်တဲ့အချိန်ကျရင် ပါတီဝင်ပြန်လျှောက် ခိုင်းပြီး ကျွန်တော်တို့ပါတီကို ဦးဆောင်ခိုင်းမှ ဆက်လက်ရပ်တည်နိုင်မယ်ထင်တယ်၊ ဒါကကျွန်တော်တို့ရဲ့ ဦးဏှောက်သေးသေးလေးနဲ့စဉ်းစားမိတာပါ၊ ဘာပဲပြောပြော တစညကို ၉၀ ခုနှစ်ကတည်းက အပြတ် အသတ်နိုင်လာတာ ၂၀၁၀ ရွေးကောက်ပွဲမှာ တစညကို ရှုံးသွားလို့တော့မဖြစ်ဘူး၊ ကျွန်တော်တို့ပါတီ ၀င်ပြိုင်မှ လွှတ်တော်မှာနေရာရပြီး အခြားမဟာမိတ်ပါတီတွေနဲ့ပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရမယ်၊ ကျွန်တော်တို့က အန်တီစုကိုအားကိုးတယ်၊ ဘဘဦးတင်ဦးက မဆလလက်ထက်မှာလည်း ရုံးတက်ရင်တောင် မဆလ အလံကို အလေးပြုပြီိးမှ ရုံးတက်တယ်တဲ့၊ ဆိုရှယ်လစ်စိတ်ဓါတ်အရမ်း ပြင်းထန်တယ်လို့ မဆလ လူဟောင်းတိုင်းကပြောကြတယ်၊ အခုများတော့ ဦးတင်ဦး အကျယ်ချုပ်ကလွတ်ပြီး အန်အယ်လ်ဒီရုံးကို စတင်ရုံးတက်တဲ့နေ့က အန်အယ်လ်ဒီအလံကို အလေးပြုပြီးမှ ရုံးခန်းထဲဝင်တယ်၊ သူက ကျွန်တော်တို့ပါတီကို ဦးဆောင်ရင်တော့ ဦးဝင်တင်နဲ့တော့ အတွဲညီနေတာဘဲ၊ ဒါပေမဲ့ ဦးတင်ဦး ရဲ့သား သန့်ဇင်ဦးက အန်အယ်လ်ဒီ(LA)ဂျပန်မှာလှုပ်ရှားပြီး ဦးတင်ဦးကို ငွေကြေးတွေပံ့ပိုးပေးနေတော့ ဥပဒေနဲ့ ညီညွတ်ရဲ့လားဆိုတာ စဉ်းစားဖို့လိုမယ်ထင်တယ်၊ လူကြီးများက ကျွန်တော်တို့ထက် အတွေ့အကြုံ၊ အမြင် ပိုရှိကြပါတယ်။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီဗဟိုဦးစီးအဖွဲ့များ စဉ်းစားပေးကြပါလို့ ပြောချင်တာပါ။
မောင်ရေချမ်း(NLD အဖွဲ့ဝင်ဟောင်း) |
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 170 |