|
သတင်း -
ပညာရေး သတင်း
|
|
Written by မျိုးချစ်
|
|
Monday, 21 September 2009 02:06 |
|
ယခုလကုန်ပိုင်းမှစ၍ Auto CAD ပညာရပ်ကို အွန်လိုင်းပေါ်မှ သင်တန်းတက်ရောက်နိုင်တော့မည်ဖြစ်ပြီး Certificate ကိုလည်း အွန်လိုင်းမှရရှိနိုင်တော့မည်ဖြစ်ကြောင်း Work group မှသိရသည်။
အွန်လိုင်းပေါ်မှ Auto CAD ပညာရပ်သင်တန်းကို တက်ရောက်မည်ဆိုပါက 2D နှင့် 3D ဘာသာရပ်နှစ်ခုကို တက်ရောက်နိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် 3D Studio MAX ကိုလည်း အွန်လိုင်းမှသင်တန်းပို့ချနိုင်အောင် ပြင်ဆင် လျက်ရှိကြောင်းသိရသည်။ ထိုသို့ အွန်လိုင်းပေါ်မှာ သင်ကြားပေးရာတွင် e-commerce စနစ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဆရာများနှင့်သင်တန်းသားများ အွန်လိုင်းပေါ်တွင် တိုက်ရိုက်တွေ့ဆုံကာ သင်ကြားသောသင်ရိုးညွှန်းတန်းများကိုလည်း ထည့်သွင်းထားကြောင်း ကိုဇော်လွင်ဝင်းက အင်တာနက်ဂျာနယ်သို့ပြောခဲ့သည်။
“ဒီလို Website ပေါ်ကနေ သင်တန်းပို့ချပေးတာဟာ အချိန်မရလို့သင်တန်းကို လာပြီးမတက်နိုင်သူတွေ၊ နိုင်ငံခြားမှာရှိတဲ့သူတွေ ရုံးဝန်ထမ်းတွေ အားလုံးတက်နိုင်အောင်လို့ပါ။ သင်တန်းကြေးကိုတော့ ဒီမှာပဲသွင်းရမှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းအနေနဲ့ ဘာသာရပ်တစ်ခုချင်းရဲ့ သင်ခန်းစာတွေကို သင်တန်းသားတွေနားလည်ရလွယ်ကူအောင် ပြင်ဆင်ပေးထားပါတယ်။ အဲ့ဒီသင်ခန်းစာတွေကိုလည်း သင်တန်းသားက ၂၄ နာရီအွန်လိုင်းပေါ်မှာ လေ့လာလို့ရပါတယ်။ သင်တန်းပြီးသွားတာနဲ့ကျွန်တော်တို့က Workgroup အနေနဲ့ Certificate ပေးမှာဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုတဲ့ Certificate ရရှိအောင် စာမေးပွဲဝင်ဖြေချင်တယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ အဆင်ပြေအောင်ကူညီမှုတွေပေးသွားမှာပါ” ဟု ၎င်းမှရှင်းပြခဲ့သည်။
ဘာသာရပ်တစ်ခုချင်း၏ သင်တန်းကြေးကို ၅ သောင်းကျပ်သတ်မှတ်ထားပြီး သင်တန်းကာလမှ တစ်လခွဲခန့်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကြေးကို ကိုယ်စားလာပြီးပေးသွင်းနိုင်ကာ သင်ခန်းစာများအား www.workgrouponline.net တွင် ၀င်ရောက်လေ့လာသင်ကြားရမည်ဖြစ်ကြောင်း သိရှိရသည်။
မူရင်းသတင်း - http://www.worldwidemyanmar.com/ |