Home အင်တာဗျူး နိုင်ငံရေး
နိုင်ငံရေး
ကိုဖီအန်နန် နှင့် စကားပြောခြင်း PDF Print E-mail
အင်တာဗျူး - နိုင်ငံရေး
Written by မျိုးချစ်   
Sunday, 31 January 2010 12:13

ယခင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ် ပေါ်ပေါက်လာရေးအတွက် လှုပ်ရှားလျက်ရှိပါတယ်၊ ဒီကိစ္စနဲ့စပ်လျဉ်းပြီး နိုင်ငံတကာမှ စိတ်ဝင်တစားမေးမြန်းကြတဲ့ မေးခွန်းတွေအပေါ် ကိုဖီအန်နန်ရဲ့ ဖြေ ကြားချက်များကို တင်ဆက်လိုက်ပါတယ်။

 
မေး။  ။ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရာမှာ ကျိုတိုသဘောတူစာချုပ် (Kyoto Protocol) ဟာထိရောက်မှုရှိပါသလား။ (Eduardo Chikui, SAO PAULO, BRAZIL)
ဖြေ။   ။ရာသီဥတုပြောင်းလဲမှုကို လူတွေသိလာစေဖို့ကူညီရာမှာ ထိရောက်မှုရှိပါတယ်။ သိသာထင်ရှားတာက ကျိုတိုသဘောတူညီချက်ပါ အချက်တွေအားလုံးကို ကျွန်တော်တို့ ပြီးမြောက်အောင်မြင်ပြီးပြီလို့ ဟန်ဆောင်လို့မရဘူး ဆိုတာပါပဲ။ သို့ပေမယ် ဒီကိစ္စကို လူတွေသိလာကြတယ်၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တွန်းလှန်ဖို့ ခြေလှမ်းမပြင်ကြဘူးဆိုရင် ဆိုးဝါးပြင်းထန်ပြီး ပြန်ပြင်ဖို့မဖြစ်နိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပွားလာမယ်ဆိုတာ လူတွေနားလည်လာကြပါတယ်။
 
မေး။  ။ကမ္ဘာကြီးပူနွေးလာမှုကို တွန်းလှန်ရာမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ လုံလောက်မှုရှိတယ်လို့ထင်ပါသလား။ (Sothyreak Pheng, MINNEAPOLIS)
ဖြေ။   ။ကျွန်တော်မထင်ပါဘူး။ ဒါကြောင့် စွမ်းအင်နဲ့ လူတိုင်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ ဂြိုလ်ကမ္ဘာပါ။ ဒီကိစ္စကို ခေါင်းဆောင်တွေသာ လုပ်ဆောင်ရမယ့်အရာလို့ သတ်မှတ်လို့မရပါဘူး။

 
မေး။  ။လူသားတွေရဲ့ ပယောဂကြောင့် အန္တရာယ်ရှိတဲ့ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပေါ်လာတယ်ဆိုတာ အထောက်အထားပြနိုင်မလား။ (Richard Treadgold, AUCKLAND)
ဖြေ။   ။ကမ္ဘာကြီးပူနွေးလာခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ထိပ်တန်း သိပ္ပံပညာရှင်တွေရဲ့ ဘုံအယူအဆတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၅၀ပြည့်နှစ်ထက်နောက်မကျဘဲ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထက်ဝက်လျှော့ချဖို့ လိုအပ်ကြောင်း ကျယ်ကျယ်ပြန့် ပြန့် သဘောတူလက်ခံထားကြပါတယ်။

 
မေး။  ။ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆင်းရဲမွဲတေမှုကြားမှာ ဘယ်လိုဆက်စပ်မှုမျိုးရှိတယ်လို့ထင်ပါသလဲ။ (Paulette Donald, LOS ANGELES)
ဖြေ။   ။ကမ္ဘာကြီးပူနွေးလာခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တကယ်ပဲ ထိခိုက်စေပါတယ်။ တစ်ချို့လယ်သမားတွေအနေနဲ့ သူတို့ ရဲ့ မိဘဘိုးဘွားတွေကိုထမင်းကျွေးခဲ့တဲ့ လယ်ယာမြေတွေဟာ ခုအခါ ကန္တာရနီးပါးဖြစ်သွားတာကြောင့် ဆက်လက်ထွန်ယက် စိုက်ပျိုးလို့မရတော့ တာတွေ ရှိလာပါတယ်။ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာခြင်းနဲ့အတူ အစားအစာထုတ်လုပ်မှုပိုင်းမှာ ကြီးမားတဲ့ပြဿနာရှိပါတယ်။ ရောဂါပိုးမွှားတွေ ကူးစက်မှုဟာ ပိုပြီးမြန်ဆန်ပျံ့နှံ့လာပါတယ်။ ဒါတွေအားလုံးဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတာတွေပါပဲ။

 မေး။  ။ခင်ဗျားတာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာ ကုလသမဂ္ဂရဲ့ အကြီးမားဆုံးအောင်မြင်မှုကဘယ်အရာကို ထင်ပါသလဲ။ (Stephen Ntsoane, GA-MPHANLELE, SOUTH AFRICA)
ဖြေ။   ။ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ ချမှတ်ရာမှာ သဘောတူညီမှုရဖို့ နိုင်ငံခေါင်းဆောင်းတွေကို စည်းရုံးနိုင်ခဲ့တဲ့အချက်ပါပဲ။ ပထမဆုံးအကြိမ်အဖြစ် ဖွံ့ဖြိုးရေးအတွက် အားလုံးသဘောတူညီတဲ့ လုပ်ငန်းစဉ်တစ်ရပ် ချမှတ်နိုင်ခဲ့ပါတယ်။

 
မေး။  ။ခင်းဗျားတာဝန်ထမ်းဆောင်တဲ့အချိန်အတွင်းမှာ ယူအဲ(င်)(န်)ရဲ့ အကြီးမားဆုံးကျရှုံးမှုက ဘာဖြစ်ပါသလဲ။ (Heather Wright, PETROLIA,ONT.)
ဖြေ။   ။အီရတ်စစ်ပွဲကိုမတားဆီးနိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ကျရှုံးမှုပါပဲ။ ဒါဟာဆိုးဝါးပြင်းထန်တဲ့ အရာတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ တားဖို့လည်း အပြင်းအထန်ကြိုးပမ်းခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ရလဒ်အကျိုးဆက်တွေကတော့ အားလုံးတွေ့မြင်ပြီးတဲ့အတိုင်းပါပဲ။

မေး။  ။ဒါဖာလိုအခြေနေမျိုးမှာ စစ်ရေးအရဝင်ရောက်အရေးယူဖို့ ကုလသမဂ္ဂကို အခွင့်အာဏာပေးသင့်တယ်လို့ ထင်ပါသလား။ (Dan Quigley, HOPKINTON, MASS.)
ဖြေ။   ။အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အသင့်အနေအထားစစ်တပ်တစ်တပ် ယူအဲင်(န်)ကိုပေးဖို့ အဆင်သင့်ဖြစ်မဖြစ် ကျွန်တော်အသေအချာ မပြောနိုင်ပါဘူး။ ဒါဖာမှာ ယူအဲင်(န်)က လုပ်ငန်းတွေလုပ်ဆောင်နေတဲ့နှစ်နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံတွေကို ရဟတ်ယာဉ်(၁၈)စင်း တောင်းခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက သူတို့မှာမရှိဘူးလို့ ဖြေကြတယ်။ တစ်ကမ္ဘာလုံး ရဟတ်ယာဉ် (၁၈)စင်းတောင် မထုတ်လုပ်နိုင်ဘူးလို့တော့ ဟန်ဆောင်လို့မရပါဘူး။ ဒါက ပေးချင်စိတ်ရှိမရှိဆိုတာကို ပြနေတာပါပဲ။ ခင်ဗျားအနေနဲ့ ယူအဲင်(န်)စစ်တပ်တစ်တပ်တွေ့မြင်ရလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။

မေး။  ။လာမယ့်ဆယ်စုနှစ်အတွင်းမှာ ယူအဲင်(န်)အတွက် အကြီးမားဆုံးကိစ္စတွေက ဘာတွေလို့ထင်ပါသလဲ။ (Monica Mihai,S YDNEY)
ဖြေ။   ။အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ အကြီးအကျယ်ကြွယ်ဝချမ်းသာမှု အတူယှဉ်တွဲနေရင် ကမ္ဘာကြီးဟာ ရေရှည်မှာ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှ တစ်နိုင်ငံတည်းဖြေရှင်းလို့မရတဲ့ ရာဇဝတ်မှု၊ နယူကလီးယားလက်နက်တွေ၊ ရောဂါပိုးမွှားတွေနဲ့ဝက်တုပ်ကွေးလိုပြဿနာတွေကို ကျွန်တော် တို့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ် ။ ဘုံအကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အားလုံးပါဝင်ဆောင်ရွက်လာအောင် အစိုးရတွေကိုကျွန်တော်တို့ ဘယ်လိုစည်းရုံးမလဲ။ ငွေကြေးအကြပ်အတည်းကာလအတွင်းမှာတော့ ဒီလိုအားလုံးစုပေါင်းလုပ်ဆောင်ကြတာ နည်းနည်း တွေ့ရပါ
တယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့အနေအထားက သူတို့ကို စုစည်းပေးခဲ့တာပဲဖြစ်တယ်။ ခုဆိုရင် တစ်ချို့က အကြပ်အတည်းကရုန်းထွက်နိုင်ပြီလို့ပြောပြီး ရှေ့ဆက်သွားဖို့ပဲ စိုင်းပြင်းနေကြတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုသာ ကာကွယ်ဖို့ဆိုတဲ့ အကျင့် ဟောင်းတွေထဲမှာပဲ တဝဲလည်လည်ရှိနေကြတုန်းပါ။

မေး။    ။သမ္မတဘာရက်(ခ်)အိုဘားမားက ယူအက်(စ်)အပေါ် ကမ္ဘာကြီးရဲ့ အမြင်ကို ပြောင်းလဲလာစေမယ်လို့ထင်ပါသလား။ (Faizan Syed, COPENHAGEN)
ဖြေ။     ။သမ္မတအိုဘားမားဟာ သိပ်ကိုအစကောင်းခဲ့ပြီလို့ ကျွန်တော်ထင်တယ်။ တစ်ကမ္ဘာလုံးသူ့ကိုထောက်ခံတာ၊ စေတနာထားတာတွေအများကြီးပါပဲ။ သူ့အနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာရော ပြည်ပမှာပါ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ သူအောင်မြင်မှုရဖို့ ကျွန်တော် တို့အားလုံး သူ့ကိုကူညီရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မျော်လင့်ချက်တွေ လျှော့ချခြင်းအားဖြင့် ကျွန်တော်တို့စတင်ကူညီလို့ရတယ်။ မြင့်မားတဲ့မျော်လင့်ချက်တွေက နိုင်ငံရေသမားတွေကို အခက်အခဲများစွာဖြစ်စေပါတယ်။

မေး။    ။တစ်စုံတစ်ယောက်ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ (Jose Francisco Cruz, MANILA)
ဖြေ။    ။မတော်တဆပေါ့ဗျာ။

မင်းသက်စံ
Ref:TIME Magazine

Last Updated ( Monday, 01 February 2010 16:58 )
 
" ဟေတီ နှင့် မြန်မာ ၏ မတူညီသောတူညီခြင်း " PDF Print E-mail
အင်တာဗျူး - နိုင်ငံရေး
Written by မျိုးချစ်   
Sunday, 24 January 2010 03:26

" ဟေတီ နှင့် မြန်မာ ၏ မတူညီသောတူညီခြင်း " (RFA)

မျိုးချစ်မြန်မာ နှင့် အင်ကြင်းနိုင် (RFA)

စီစဉ်ထုတ်လွှင့်သူ - အင်ကြင်းနိုင် (RFA)

 
NLD ခေါင်းဆောင် အပြောင်းအလဲအပေါ် စမ်းစစ် ဝေဖန်ကြည့်ခြင်း (VOA) PDF Print E-mail
အင်တာဗျူး - နိုင်ငံရေး
Written by မျိုးချစ်   
Monday, 18 January 2010 02:58

" NLD ခေါင်းဆောင် အပြောင်းအလဲအပေါ် စမ်းစစ် ဝေဖန်ကြည့်ခြင်း (VOA) "

ဆက်သွယ်မေးမြန်းသူ   -  ဦးကျော်ဇံသာ (VOA)

ပါဝင်ဆွေးနွေးသူ - ဦးအောင်တင်  (ကနေဒါနိုင်ငံဆိုင်ရာ အန်အယ်လ်ဒီဌာနခွဲ ဥက္ကဌ)  နှင့်  ဦးမင်းဇော်ဦး  (မြန်မာ့အရေး လေ့လာသုံးသပ်နေသူ)

 

ပထမဦးဆုံး စဉ်းစားစေချင်တဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) က အခုအချိန်မှာ ခေါင်းဆောင်မှုမှာ အပြောင်းအလဲတချို့  လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် သက်ကြီးရွယ်အို ခေါင်းဆောင်ကြီးတွေဟာ ကျန်းမာရေးအခြေအနေကြောင့် ရုံးမလာနိုင်၊ အိမ်မှာဘဲနေကြတော့တယ်။ ဒီလိုအခြေအနေကြောင့် အသက်ရွယ်ငယ်တဲ့ ခေါင်းဆောင်များနဲ့ အစားထိုးဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါဟာ အသွင်သဏ္ဍာန်အားဖြင့် ပြောင်းလဲမှုသက်သက်ဘဲလား၊ အနှစ်သာရအားဖြင့် ဘာတွေများ ပြောင်းလဲမှုရှိလာနိုင်သလဲဆိုတာကို စူးစမ်းကြည့်ချင်တဲ့ သဘောဖြစ်ပါတယ်။ ဒီအကြောင်းအရာ အခြေအနေကို သိရှိနိုင်ဖို့ ကနေဒါနိုင်ငံဆိုင်ရာ အန်အယ်လ်ဒီဌာနခွဲ ဥက္ကဌ ဦးအောင်တင် နဲ့ မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဦးမင်းဇော်ဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာ အန်အယ်လ်ဒီ ခေါင်းဆောင်မှုအပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ လက်ရှိဘယ်လို ဖြစ်လာနိုင်သလဲဆိုတာ မသွားခင်မှာ ဘယ်လိုအပြောင်းအလဲမျိုး ပြင်ဆင်နေကြသလဲ။ (ဆက်ဖတ်ရန်)

Last Updated ( Monday, 18 January 2010 16:39 )
 
သန်းရွှေ အတုယူသင့်သော အရှက် မာန နှင့် သိက္ခာ ရှိသူတစ်ဦး PDF Print E-mail
အင်တာဗျူး - နိုင်ငံရေး
Written by မျိုးချစ်   
Saturday, 28 November 2009 15:12

" သန်းရွှေ အတုယူသင့်သော အရှက်၊ မာန နှင့် သိက္ခာ ရှိသူတစ်ဦး "

ဦးကိုကိုအောင် (RFA)

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 10

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ