| ခေတ်သစ်ရန်ပွဲ |
|
|
|
| စာပေ - ဟာသ | |||
| Written by မျိုးချစ် | |||
| Thursday, 10 December 2009 12:49 | |||
|
ဇာတ်လမ်းအစ... ထိုအချိန်တွင် ဆိုင်အတွင်းသို့ ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည် “ လိုင်းတွေကရောကောင်းရဲ့လားကွယ် ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့ အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ” “ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄ နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်.. ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ” “အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား ဒီနေ့သမီးလေးနားရက်ဆိုလို့ မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ် ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့ မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို “သမီး ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်” (ဆက်ဖတ်ရန်) “ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “ ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ ငါ့တူမပဲခေါ်ပေးပါအုန်း ” (အမျိုးသမီးကြီး……… ) ( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……) သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ် ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ (အမျိုးသမီးကြီး……….) ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့ ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင် (အမျိုးသားကြီး………….) အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့ နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင် ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်းေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား (အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. ) အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင် လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့ သားအကြောင်းများစကားလုပ်ပြောနေသေးတယ် ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့် အခုလည်းစလုံးမှာသိရဲ့လား ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့ ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့် (accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင် အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ် သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ (အမျိုးသားကြီး…) (အမျိုးသမီးကြီး…. ) သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့ အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ် (အမျိုးသားကြီး…..) ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့ ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင် (အမျိုးသမီးကြီး….) (အမျိုးသားကြီး…) (အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..) (အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….) (အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….) ( အမျိုးသားကြီး….) (ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ပေးပို့သူ - David
Set as favorite
Bookmark
Email This
Hits: 688 Comments (0)
![]() Write comment
|
|||
| Last Updated ( Thursday, 10 December 2009 12:57 ) |